26.9.14
ttKeyboard For iOS 8 (No Jailbrake Needed)
အဲဒီကီးဘုတ်တွေထဲကမှ"Mogok" "LikeBook" "Tmusic Player" တို့ကို ဖန်တီးရေးသားခဲ့သူ iOS Developer ကိုဟိန်းသက်ခင်ဇော် ရဲ့ "ttKeyboard" App လေးကို ကြိုတင်ကာ မိတ်ဆက်ပေးလိုက်ပါရစေ..
"ttKeyboard" App လေးက ယခုစာရေးနေတဲ့ အချိန်ထိ Apple iTunes AppStore မှာ တရားဝင် တင်ပေးနိုင်ဖို့အတွက် Apple ရဲ့ approval ကို စောင့်နေဆဲ ဖြစ်ပါတယ်...
25.09.2014 : မှာတော့ "ttKeyboard" ကို တရားဝင် ထုတ်ပေးလိုက်ပါပြီ..
>> ttKeyboard Download
ပထမဦးစွာ "ttKeyboard" ကို စမ်းသပ်သုံးစွဲခွင့်ပေးခဲ့သော ကိုသန့်သက်ခင်ဇော် အား ကျေးဇူးအထူးတင်ပါတယ်..
ကျွန်တော် စမ်းသပ်အသုံးပြုခွင့် ရခဲ့တဲ့ "ttKeyboard" ဟာ version 1.1-2b(65) ဖြစ်ပါတယ်။
"ttKeyboard" မှာ "Zawgyi" နှင့် "Zawgyi (Non Smart)" option နှစ်ခုပါဝင်ပြီး "Zawgyi" သည် smart zawgyi ကီးဘုတ်ဖြစ်ပါတယ်...။
"ttKeyboard" ဟာ ကျွန်တော်တို့ ရေးသားနေကြ jailbreak keyboard ရဲ့ လက်ကွက်အတိုင်းဖြစ်လို့ သုံးရတာ လွယ်ကူသလို smart zawgyi လည်း ဖြစ်တာမို့ စာရိုက်ရတာ အလွန်လျှင်မြန်ပါတယ်။
အက္ခရာတွေ တော်တော်များများကို long-press နှိပ်လိုက်ရင် သက်ဆိုင်ရာ ဆက်စပ် စာလုံးတွေ ထပ်မံရွေးချယ်နိုင်ပါတယ်။ ပတ်ဆင့်များ ရေးသားဖို့အတွက် "အပြာရောင် (alt)" ကီးကို နှိပ်ပြီး ထပ်ဆင့်လိုသော စာလုံးကို ရိုက်လိုက်ရုံပဲ ဖြစ်ပါတယ်။
App ကို ဖွင့်လိုက်ရင် ရိုက်ရမည့် လမ်းညွှန်ချက်ကို ထည့်သွင်းထားပါတယ်..
ပြောင်းလဲသွားတဲ့ ကီးဘုတ်ပုံများကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်...
"ttKeyboard" ဟာ ဘာမှ အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်မြန်ဆန်ပြီး သုံးစွဲသူတွေကို စိတ်ကျေနပ်စေလိမ့်မယ်လို့ ပြောရဲပါတယ်...
"ttKeyboard" ကို Free version အဖြစ် ထုတ်ပေးဖို့ % များတယ်လို့ ကိုသန့်သက်ခင်ဇော် က ပြောကြားခဲ့ပါတယ်...
"ttKeyboard" အမြန်ဆုံး Store ပေါ်ရောက်ပါစေလို့ ဝိုင်းဝန်းဆုတောင်းရင်း အတူတူ စောင့်လိုက်ကြရအောင်လား ခင်မျာ....
Credit to : သန့်သက်ခင်ဇော် http://www.moethagyarr.info
How to downgrade iOS 8 to iOS 7.1.2

If you’re interested in downgrading your iOS device from iOS 8 back to iOS 7.1.2, you can still do so for a limited time. Obviously, your device must be capable of running iOS 7.1.2 in the first place, so devices like the newly released iPhone 6 and its larger brethren, the 6 Plus, do not qualify.
Apple releases iOS 8.0.2 with fix for cellular and Touch ID issues

iOS 8.0.2 fixes a critical issue where iPhone 6 and iPhone 6 Plus users who updated to iOS 8.0.1 on Wednesday lost cellular signal and the ability to use Touch ID. It also addresses a HealthKit bug that prevented apps supporting the new APIs to function properly, as well as several other bugs.
Subscribe to:
Posts (Atom)