Showing posts with label Mobile သတင်းများ. Show all posts
Showing posts with label Mobile သတင်းများ. Show all posts

30.1.14

ဖုန်းဆင်းကတ်ပျောက်၍ ပြန်လျှောက်သူ စာချုပ်မရှိက နောက်ဆုံးခေါ်ယူခဲ့ သည့်ဖုန်း 3-Calls သက်သေပြရမည်

ဖုန်းဆင်းကတ်ပျောက်ဆုံးသူများ စာရွက်စာတမ်း မရှိပါက နောက်ဆုံးခေါ် ယူထားသည့် ဖုန်းခေါ်ဆိုမှုသုံးကြိမ်ကို ပြနိုင်မှသာ ဆင်းကတ်ပြန်လည် ထုတ်ပေးတော့မည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။

”ဘာစာချုပ်မှမပြဘဲ ရဲစခန်း ထောက်ခံချက်တွေနဲ့ လုပ်ပေးတဲ့စနစ် ကိုဖျက်သိမ်းလိုက်တာပါ။ ဒီအချက်တွေ မပြနိုင်ရင်တော့ ဆင်းကတ် ထုတ်မပေး တော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဒုတိယမိုဘိုင်းအင်ဂျင်နီယာ ချုပ် ဦးကိုကိုအောင်က ပြောသည်။

စာရွက်စာတမ်းအချက်အလက် အပြည့်အစုံပါရှိသည့် ဖုန်းများကိုမူ ယခင်အတိုင်း စစ်ဆေးမှုများ ပြုလုပ်၍ ဆင်းကတ်ပြန်လည်ထုတ်ပေးသွား မည် ဖြစ်ပြီး နောက်ဆုံးခေါ် ဆိုထားသည့် ဖုန်3း Calls ပြစရာမလိုကြောင်း ၄င်းက ဆက်လက်ပြောသည်။

”နောက်ဆုံးဖုန်း 3 Calls မမှတ်မိဘူးလို့ပြောကြမှာပါ။ ဒါပေမဲ့ ဖုန်း ပျောက်သူတွေအနေနဲ့ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ ဆက်မိကြမှာပါ။ ကျွန်တော်တို့အနေ နဲ့ ကောက်ရိုးမျှင်တစ် မျှင်ရှာဖွေသလိုမျိုး အစရှိရုံနဲ့ ကတ်ပြန်လည်လုပ်ပေးလို့ရပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
 
 
Read more »

19.1.14

ဖုန်းကတ်ဒ် ပျက်/ပျောက် လျှောက်ထားခြင်း နေရာမှား လျှောက်ထားသူ များလာ

မိုဘိုင်းဖုန်းကတ်ပျောက် ကတ်ပျက်လျှောက်ထားရာ၌ သတ်မှတ်နေရာများ ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း နေရာမှား လျှောက်ထားခြင်း များလာကြောင်း ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး အနီးရှိ မိုဘိုင်းဖုန်း အကျိုးဆောင်များထံမှ မေးမြန်းသိရှိရသည်။ ကတ်ပျောက် ကတ်ပျက် လျှောက်ထားခြင်းအတွက် သက်ဆိုင်ရာဆက်သွယ်ရေး ရုံးအသီးသီးက ဆောင်ရွက်ပေးသော်လည်း ဖုန်းအမျိုးအစားအပေါ် မူတည်၍ နေရာ ကွဲပြားကြောင်း သိရသည်။

"ကတ်ပျက် လျှောက်ထားဖို့ နေရာမှားလာကြတာ တစ်နေ့ကို ဆယ်ဦးထက်မနည်းဘူး ရှိတယ်" ဟု အကျိုးဆောင် တစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောသည်။ ကတ်ပျောက် ကတ်ပျက် လျှောက်ထားခြင်းအတွက် ဝန်ဆောင်ခ တစ်သောင်းကျပ် ဝန်းကျင် ယူကြောင်း အကျိုးဆောင် တစ်ဦးက ပြောသည်။ ၁၅၀၀ တန်ဖုန်းများ ကတ်ပျောက် ကတ်ပျက် အတွက် ရန်ကုန်စာတိုက်ကြီးတွင် လျှောက်ထားရခြင်းဖြစ်ပြီး ၇၃၊ ၄၃ စသည့် ဖုန်းများအတွက် ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးတွင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

"ဝန်ဆောင်ခကတော့ တန်ဖိုးနည်းဖုန်း ငါးသိန်းဖုန်းဆိုပြီး သတ်မှတ်မထားပါဘူး။ အတူတူပါပဲ၊ နေရာမှား လျှောက်ထားသူတွေက နောက်တစ်နေရာလောက်ကို ထပ်မသွားချင်တော့ ပွဲစားအပ်လိုက်တာ များတယ်" ဟု အကျိုးဆောင် တစ်ဦးက ဆိုသည်။

ဖုန်းကတ်ပျောက်၊ ကတ်ပျက် ကိစ္စရပ်များ၊ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုရာ မေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ သတ်မှတ်ထားရှိပြီး အဆိုပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက..

GSM/WCDMA (UMTS) မိုဘိုင်းဖုန်းများ အတွက် ဖုန်း-၀၁-၅၅၅၄၇၆

CDMA 450, CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်း-၀၁-၂၁၇၂၁၉ နှင့် ၀၉-၇၃၀၀၀၀၀၀၊

CDMA 800 (MEC Tel)မိုဘိုင်းဖုန်းများ အတွက် ဖုန်း ၀၁-၆၅၆၉၉၄ နှင့် ၀၁-၆၅၆၉၉၅ တို့သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက် ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံ စီးပွားရေး ဌာနအပြင် တန်ဖိုးနည်း မိုဘိုင်းဖုန်းအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ တိုင်းသေကြီး မန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာ ရုံးများတွင် ဆောင်ရွက်ပေးလျက် ရှိသည်ဟု သိရသည်။

ကတ်ပျက်ခြင်းအတွက် ပြန်လည်လျှောက်ထားရာတွင် အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကတ်ပျောက်ခြင်းအတွက် ဆောင်ရွက်ရာတွင် နှစ်သောင်းကျပ် ကျသင့်မည် ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးမှ စုံစမ်းသိရှိရသည်။


Ref : Internet Journal
Read more »

10.1.14

HTC နဲ့ပတ်သက်သမျှ အကျဉ်း

HTC Phone များနှင့် သိသင့်သော အကြောင်းအရာများ

MPX Team မှ ကိုဇော်ဖြိုးရဲ့ ကောင်းမွန်လှသော ပို့စ်ကို ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ် ...။ ဒီအတွက် ကိုဇော်ဖြိုးကိုလည်း Credit ပေးပါတယ် ...။ စာနည်းနည်းရှည်သွားရင်ခွင့်လွှတ်ပါ .. တော်တော်လေးကို တိတိကျကျဖော်ပြပေးထားပါတယ် ...။ HTC နဲ့ပတ်သက်တဲ့ အခက်အခဲလေးတွေ တော်တော်ပြေလည်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ...။ 

HTC ဖုန်းတွေက အနည်းငယ်ရှုပ်ထွေးသယောင်ရှိပါတယ်။တကယ်တော့ HTC များဟာ ဖုန်းပြုပြင်သူအတွက်လိုအပ်တဲ့အချက်အလက်တွေကိုဖွတ်ထားသလိုပွင့်ပွင့်လင်းလင်းဖော်ပြထားခြင်းမရှိဘူးဖြစ် နေပါတယ်။ HTC ဖုန်းတွေကိုဆော့ဝဲလ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေလုပ်တော့မယ်ဆိုရင် ပထ မဆုံး HTC ဖုန်းမော်ဒယ်လ်တွေကို သတ်မှတ်ထားပုံတွေသိရပါမယ်.သာ မာန်အားဖြင့်မိုဘိုင်းဖုန်းတော်တော်များများဟာ သူတို့ရဲ့မော်ဒယ်တွေကိုဖုန်းရဲ့နောက်ဖက်မှာရေးသားထားကြပါတယ်။အဲဒီမော်ဒယ်လ်နံပါတ်ကို ကြည့်ပြီး ဖုန်း ပြုပြင် တဲ့သူကသက်ဆိုင်ရာဆော့ဝဲတွေကိုစုဆောင်းပြီးပြု ပြင်မှု တွေကိုစတင်ရပါတယ်။ HTC ဖုန်းတွေ ကတော့သူတို့ရဲ့ မော်ဒယ်တွေကို ဖုန်းဘက်ထရီနောက်ကျောမှာရေးထားပေမယ့် အဲဒီမော်ဒယ်လ်နံပါတ်နဲ့ သက်ဆိုင်တဲ့ Firmware တွေကိုတိကျစွာရှာဖွေလို့မရပါဘူး။HTC ဖုန်းတွေအတွက် Flashing ဆော့ဝဲလ်ပြန်ရေး တာတွေ Update ပြုလုပ်တာတွေပြုလုပ်ဖို့အတွက် မှန်ကန်တဲ့ Firmware ကိုရွေးချယ်နိုင်ရ မှာ ဖြစ်ပါတယ်။ဥပမာ - HTC Desire A8181 ဆိုပြီးဖုန်းနောက်မှာရေးထားပေမယ့် အဲဒီဖုန်းကို နာမည်နဲ့Firmware ရှာဖွေမယ်ဆိုရင်ရှာတွေ့မှာမဟုတ်ပါဘူး။HTC Desire A8181 ရဲ့ Code Name နဲ့ရှာဖွေမှ သာမှန်ကန်တဲ့ Firmware ကိုရမှာဖြစ်ပါတယ်။HTC Desire A8181 ရဲ့ Code name က HTC BRAVO ဖြစ်ပါ တယ်။ဖော်ပြပါဇယားကိုကြည့်လိုက်ပါသဘောပေါက်သွားပါလိမ့်မယ်။ဇယားကိုကြည့်လိုက်ပြီး HTC Firmware တွေကိုမော်ဒယ်လ်နဲ့ကိုက်ညီပြီးသတ်မှတ်နိုင်သွားပါမယ်။
Read more »

12.11.13

Android Malware ၀င်ရောက်ခြင်းမှ ကာကွယ်နိုင်ရန်



နည်းပညာများ တိုးတက်လာ သည်နှင့်အမျှ Mobile Phone သုံးစွဲသူများမှာလည်း တစ်နေ့ထက် တစ်နေ့ များပြားလာသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့ Mobile လောက တိုးတက်လာရာတွင် Android ဟုခေါ်သော Mobile OS မှာ အသုံးပြုသူများအကြား အထူးပင် ရေပန်းစားလျက် ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် Andriod OS မှာ Open Source ဖြစ်ခြင်းကြောင့် အသုံးပြုသူများကို လွယ်ကူစွာသုံးနိုင်ရန် စွမ်းဆောင်နိုင်ပေသည်။ နည်းပညာများ တိုးတက်လာသည် နှင့်အမျှ ၄င်းနည်းပညာကို အကျိုးရှိစွာ အသုံးပြုသူများ အနေဖြင့် အရမ်းကောင်းပေသည်။ သို့ရာတွင် အချို့ မှာ ထိုသို့တိုးတက်လာမှုကို ကောင်းစွာ အသုံးမပြုတတ်ဘဲ မကောင်းသည့် စမ်းသပ်မှုမျိုး ပြုလုပ်ကာ နှောင့်ယှက်ဖျက်ဆီးခြင်းများ ကိုပြုလုပ်လာကြပေသည်။ ထို့ကြောင့် အသုံးပြုသော user များထဲတွင် နည်းပညာ ဗဟုသုတမကြွယ်ဝသော သူများပါလာပါက ၄င်း Android OS တွင် Virus (သို့) Malware ၀င်ရောက်ခြင်းများ ဖြစ်ပေါ်နိုင်ပေသည်။ Android သုံးစွဲသူများ အတွက် Android Malware ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို သတိပြုနိုင်ရန် .....Big Grin


၁။ Application များကို download ပြုလုပ်ရာတွင် တရားဝင်မဟုတ်သော (သို့) စိတ်ချယုံကြည်မှု မရှိနိုင်သော application store များမှ ဘယ်သောအခါမှ download မဆွဲပါနှင့်။

၂။ ဖုန်း ကို Passwords ထားရှိပြီး အသုံးပြုပါ။

၃။ ဖုန်းတွင် Malware ၀င်ရောက်ခြင်းခံရ ပြီးပါက ဖုန်း၏ OS အား ချက်ချင်း Patch အဆင့်မြှင့်တင်ခြင်း (သို့ ) အသစ်ပြန်လည် Install လုပ်ခြင်းများ ပြုလုပ်ပါ။

၎။ လူအများအသုံးပြုသော Wi-Fi Network ဖြင့် မိမိ၏ ပုဂ္ဂိုလ်ရေးရာဆိုင်ရာ သတင်း အချက်အလက်များကို ဖြန့် ဝေခြင်း မပြုလုပ်ပါနှင့်။

၅။ ဖုန်း အတွက် အကောင်းဆုံးဖြစ်မည့် Antivirus Application တစ်ခုကို ရွေးချယ်အသုံးပြုပါ။

၆။ Application အသစ်တစ်ခုကို download ပြုလုပ်တိုင်း Permission များကို သေချာနားလည်စွာ ဖတ်ပါ။

၇။ ၄င်းအပြင် Android Market မှ Internal Malware Scanner ဖြင့် စစ်ဆေးပြီးမှသာ အလိုရှိသော Application များကို download ပြုလုပ်ပါ။

၈။ သေချာမှု မရှိသော သံသယဖြစ်ဖွယ် Permission များကို လက်မခံပါနှင့်။

၉။ ဖုန်းအား အသုံးမပြုသော အချိန်တွင် Lock ချထားပါ။

၁၀။ ဖုန်းတွင် Internet အသုံးပြုပြီးတိုင်း Logout လုပ်ပြီးမှသာထွက်ပါ။

အထက်ပါ အချက်များကို သတိပြု လုပ်ဆောင် နိုင်စေရန် ရည်ရွယ်၍ အသိပေးရခြင်း ဖြစ်ပါသည်။


လုပ်သည်မလုပ်သည်ကတော့ ကာယကံရှင်တာဝန်သာဖြစ်ပေလိမ့်မည်...
Refferences:    Link ,mmyos
Read more »

9.10.13

လက်ဗွေဖတ်စနစ်ပါဝင်သည့် HTC One Max ကို အောက်တိုဘာ ၁၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်

 
 Iphone 5s မှာ လက်ဗွေစနစ်ပါ လာတော့  HTC ကလဲ မခံဘူး HTC One Max ကို အောက်တိုဘာ ၁၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည် လို့ဆိုပါတယ်...။
အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့သည့် ဓာတ်ပုံများအရ ၅.၉ လက်မအရွယ် HTC One Max တွင် လက်ဗွေဖတ်စနစ် (fingerprint scanner) ပါဝင်လာပြီး ၎င်းကို အောက်တိုဘာလ ၁၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည် ဖြစ်ကြောင်း Wall Street Journal မှဖော်ပြခဲ့သည်။

Read more »

24.8.13

iPhone 5S ကို စက်တင်ဘာ10တွင် မိတ်ဆက်မည်ဟု သတင်းထွက်

AllThingsD.com မှတင်ဆက်သော နောက်ဆုံးရသတင်းများအရ
Apple မှ လာမည့် စက်တင်ဘာ 10 ရက်နေတွင်
သတင်းစာရှင်းလင်းပွဲတခုပြုလုပ်ကာ ၄င်းကောင်းတို့၏
IOS စတစ်သုံး မျိုးဆက်သစ် စမတ်ဖုန်းသစ်ကို
မိတ်ဆက်သွားရန် ရှိနေသည်ဟု သိရှိရပြီး iPhons 5S ဟုခေါ်ဆိုထားကြသည်။




Read more »

21.7.13

Android Battery Virus သတိပေးချက်

အခုတလောတွင် ခေတ္တစားနေသော Androidဖုန်းအသုံးပြုနေသူများသို့
AndroidBatteryVirusအကြောင်းအသိပေးပါရစေ။ဖုန်းအတွင်းInternetအသုံးပြုခြင်း
Buletooth များအသုံးပြုခြင်း တို့ကြောင့်အများဆုံး
ဝင်ရောက်ပါတယ်..အဓိက ပြန့်နှံ့တာကတော့ အင်တာနက်ကနေဖြစ်ပါတယ်။











Read more »

Mobile Phone မှတဆင့် Internet လျှောက်ထားနိုင်သည့် ကိစ္စ အသိပေးကြေညာခြင်း

Mobile Phone မှတဆင့် Internet လျှောက်ထားနိုင်သည့်
ကိစ္စ အသိပေးကြေညာခြင်းကို တရားဝင်ကြေငြာအပ်ထားပါသည်ခင်ဗျာ....။








Read more »

21.6.13

SIM ကဒ် အခမဲ့ နှင့် ဖုန်းခေါ်ခ ပြား ၈၀ ဖြစ်မည်

ဆက်သွယ်ရေး လုပ်ကိုင်ခွင့်နဲ့ ပက်သတ်ပြီး အပြိုင်အဆိုင်
လျှောက်ထားသည့် ကုမ္ဗဏီပေါင်း ၁၂ ခုအနက်မှ ပြင်သစ်အခြေစိုက် 
Orange ဆက်သွယ်ရေး ကုမ္ဗဏီတစ်ခုမှ ယနေ့ ဇွန်လ ၂၁ ရက်နေ့ 
မွန်းလွဲပိုင်းက စာနယ်ဇင်း မိတ်ဆက်ပွဲ တစ်ရပ်ကို ရန်ကုန်မြို့ 
ဆီဒိုးနားဟိုတယ်ခန်းမ၌ ကျင်းပ ခဲ့ပါသည်။




 



Read more »

14.6.13

Samsung က အသစ်ထက်ထွက်မည့် Galaxy Note III





Samsung ရဲ့ နာမည်ကျော် ထိပ်တန်း Smart phone တစ်လုံးဖြစ်တဲ့ 


Read more »

4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို


MPT
 
 
 
 
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင် ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက် သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

ယင်းသို့ ဖြန့်ချိနိုင်ရန် Digicel က အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ မြှုပ်နှံမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဧရိယာ၏ ၅၂ ရာခိုင်နှုန်းကို 4G ကွန်ရက် ဖြန့်ကြက် နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၁၆ တွင် ၉၆ ရာခိုင်နှုန်း အထိ တိုးမြှင့် ဖြန့်ကြက် နိုင်ရန် စီစဉ်ထားကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr.Denis O’Brien က ပြောကြားသည်။ ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် Digicel ၏ သတင်းစာ ရှင်းလင်း ပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။
 
 
Read more »

3.6.13

Windows RT တက်ဘလက် အမှာနည်းသဖြင့် HTC ပယ်ဖျက်

HTC ကုမ္ပဏီသည် မိုက်ခရိုဆော့ဖ်ထုတ် Windows RT OS ဖြင့်ြ
မင်ကွင်း ကျယ် တက်ဘလက် တစ်မျိုး ထုတ်မည်ဟု ကြေညာထားခဲ့သော်လည်း အမှာစာများ ထင်သလောက် တက်မလာသဖြင့် ထုတ်လုပ်မှုကို ပယ်ဖျက် လိုက်ကြောင်း ကုမ္ပဏီက ထုတ်ပြန် ကြေညာခဲ့သည်။

Windows RT တက်ဘလက်များသည် ထုတ်လုပ်စရိတ် ကြီးမြင့်ပြီး အမှာနည်းလျှင် အရှုံးပေါ်မည်ဖြစ်ကာ ဈေးကွက် မသေချာသောကြောင့် မစွန့်စားခြင်း ဖြစ်သည်။

 ထို့ကြောင့် ၇လက်မ Window 8 တက်ဘလက် ကိုပင် ARM Holdings Plc 
ပရိုဆက်ဆာဖြင့် ထုတ်လုပ်မည်ဟု ကုမ္ပဏီ က ပြောကြားသည်။

HTC သည် လက်ရှိ အနေအထားတွင် ဈေးကွက်အတွင်း ထုတ်ကုန်များ 

အရောင်း ကျဆင်းမှုနှင့် ပတ်သက်၍ ရှယ်ယာများလည်း ကျဆင်းလျက် ရှိသည်။ 
 မိုက်ခရိုဆော့ဖ်ထုတ် Windows RT တက်ဘလက်များပင် ထင်သလောက် ဈေးကွက်တွင် ထိုးမဖောက်နိုင်ခဲ့ဘဲ ပြီးခဲ့သည့်အောက်တို ဘာလမှ ယခုနှစ် ဧပြီလအထိ 
 အလုံးရေပေါင်း နှစ်သိန်းခန့် သာ ရောင်းချနိုင်ခဲ့သေးကြောင်း IDC သုတေသနဌာနက ဆိုသည်။




Read more »

20.3.13

Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ

Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။
Handsetတွေ ဒီလောက် တံဆိပ်မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့
 ခေတ်ကြီးထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်
သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစ်ချို့JAVA ဖုန်းတွေက
 Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။
 ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။









Read more »

16.3.13

မြန်မာ့ဆက်သွယ်ရေးမှ တန်ဖိုးနည်း SIM Card များကို ဧပြီလ 1 ရက်နေ့တွင် တင်ရောင်းချတော့မယ်


မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကဒ်ဖုန်းများကို ဧပြီလ ၁ ရက်နေ့ စတင်ကာ ရောင်းချပေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
GSM ဆင်းကဒ်ကို ကျပ်နှစ်ထောင်နှင့်လည်ကောင်း၊ WCDMA ကျပ် ငါးထောင်နှင့်
 
 
 
 
 
 
 
 
 
Read more »

21.1.13

HTC မှ မြန်မာဘာသာ ပါဝင်သော ဖုန်းများဖြင့် ဈေးကွက်ချဲ့ထွင်


TSJ (HTC Butterfly, HTC One X+, HTC One X, HTC Desire X, 

HTC Desire VC and HTC Desire C (၆မျိုး) ကို မြန်မာလို
သုံးနိုင်တော့မည်)ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဆဲလ်ဖုန်းထုတ်လုပ်မှု
 ကမ္ဘာကြီးမှာ မည်သည့် အားသာချက်မျိုးကိုမဆို ကြိုဆိုသင့်ပါတယ်။ 
တစ်မျိုးနဲ့ တစ်မျိုး အားသာချက်တွေများစွာ ရှိတဲ့အထဲမှာမှ ဘာသာစကား
 အထောက်အပံ့ ထည့်သွင်းပေးခြင်းကလည်း အခရာကျတဲ့၊ ကစားပွဲတစ်ခုလုံးကို 
 ပြောင်းလဲနိုင်စွမ်းရှိတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ 











Read more »