30.1.14
29.1.14
Facebook v 7.0.0.0.1 for android
Facebook သုံးစွဲသူ Android ဖုန်း /Tablet ပိုင်ရှင်တွေအတွက် Facebook version အသစ် Facebook v7.0.0.0.1 for Android ထွက်ရှိလာပါပြီ။ Facebookv 7.0.0.0.1 ကိုအသုံးပြု၍
• Status update များ ၊ ဗီဒီယိုများ ၊ ဓာတ်ပုံများကို share ခြင်း
• Friend များမှ သင့်ရဲ့ပုံ ၊ စာကို Like/Comment ပေးပါက ဖုန်းတွင် notification အချက်ပေးခြင်း
• Friend တစ်ဦးချင်းနှင့် chatting ပြုလုပ်နိုင်ခြင်း ၊ Friend အများကြီးနှင့် group chat ပုံစံပြုလုပ်နိုင်ခြင်း
• Facebook game များကို Facebook for Android ကိုအသုံးပြု၍ဆော့ကစားနိုင်ခြင်း စသည်တို့ကိုပြုလုပ်နိင်မှာဖြစ်ပါတယ်။
Facebookv7.0.0.0.1 for Android ကိုအောက်က link မှာရယူနိင်ပါတယ်။
Labels:
Android application
20.1.14
Android Phone Pattern Lock အလွယ်ဖြည်မယ်
Android ဖုန်းတွေ pattern, pin, password ကျသွားရင် command နဲ့ ရိုက်ဖြုတ်နေရလို့
အဆင်ပြေအောင် one click လေးလုပ်မယ်ကြံတော့ database file တွေကို
လိုက်ပြီး ကြည့်ရတာ မူးနေတာပဲ ဖုန်းတစ်လုံးနဲ့ တစ်လုံးကလဲမတူ တော်တော်တိုင်ပတ်သွားတယ်
Ko Ning Lynn ရဲ့ SH နှစ်ခုကိုကြည့်လိုက်တော့ မှ ရှာစရာမလိုတော့ဘူးဗျာ အဲဒါနဲ့ အရံသင့် ပဲယူသုံး
လိုက်ပါတော့တယ်။
Ko Ning Lynn ကို Credit ပေးပါတယ်ခင်ဗျား။ ။
Labels:
Computer Software
19.1.14
ဖုန်းကတ်ဒ် ပျက်/ပျောက် လျှောက်ထားခြင်း နေရာမှား လျှောက်ထားသူ များလာ
မိုဘိုင်းဖုန်းကတ်ပျောက် ကတ်ပျက်လျှောက်ထားရာ၌
သတ်မှတ်နေရာများ ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း နေရာမှား လျှောက်ထားခြင်း
များလာကြောင်း ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး အနီးရှိ မိုဘိုင်းဖုန်း
အကျိုးဆောင်များထံမှ မေးမြန်းသိရှိရသည်။ ကတ်ပျောက် ကတ်ပျက်
လျှောက်ထားခြင်းအတွက် သက်ဆိုင်ရာဆက်သွယ်ရေး ရုံးအသီးသီးက
ဆောင်ရွက်ပေးသော်လည်း ဖုန်းအမျိုးအစားအပေါ် မူတည်၍ နေရာ ကွဲပြားကြောင်း
သိရသည်။"ကတ်ပျက် လျှောက်ထားဖို့ နေရာမှားလာကြတာ တစ်နေ့ကို ဆယ်ဦးထက်မနည်းဘူး ရှိတယ်" ဟု အကျိုးဆောင် တစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောသည်။ ကတ်ပျောက် ကတ်ပျက် လျှောက်ထားခြင်းအတွက် ဝန်ဆောင်ခ တစ်သောင်းကျပ် ဝန်းကျင် ယူကြောင်း အကျိုးဆောင် တစ်ဦးက ပြောသည်။ ၁၅၀၀ တန်ဖုန်းများ ကတ်ပျောက် ကတ်ပျက် အတွက် ရန်ကုန်စာတိုက်ကြီးတွင် လျှောက်ထားရခြင်းဖြစ်ပြီး ၇၃၊ ၄၃ စသည့် ဖုန်းများအတွက် ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးတွင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
"ဝန်ဆောင်ခကတော့ တန်ဖိုးနည်းဖုန်း ငါးသိန်းဖုန်းဆိုပြီး သတ်မှတ်မထားပါဘူး။ အတူတူပါပဲ၊ နေရာမှား လျှောက်ထားသူတွေက နောက်တစ်နေရာလောက်ကို ထပ်မသွားချင်တော့ ပွဲစားအပ်လိုက်တာ များတယ်" ဟု အကျိုးဆောင် တစ်ဦးက ဆိုသည်။
ဖုန်းကတ်ပျောက်၊ ကတ်ပျက် ကိစ္စရပ်များ၊ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုရာ မေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ သတ်မှတ်ထားရှိပြီး အဆိုပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက..
GSM/WCDMA (UMTS) မိုဘိုင်းဖုန်းများ အတွက် ဖုန်း-၀၁-၅၅၅၄၇၆
CDMA 450, CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်း-၀၁-၂၁၇၂၁၉ နှင့် ၀၉-၇၃၀၀၀၀၀၀၊
CDMA 800 (MEC Tel)မိုဘိုင်းဖုန်းများ အတွက် ဖုန်း ၀၁-၆၅၆၉၉၄ နှင့် ၀၁-၆၅၆၉၉၅ တို့သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက် ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံ စီးပွားရေး ဌာနအပြင် တန်ဖိုးနည်း မိုဘိုင်းဖုန်းအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ တိုင်းသေကြီး မန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာ ရုံးများတွင် ဆောင်ရွက်ပေးလျက် ရှိသည်ဟု သိရသည်။
ကတ်ပျက်ခြင်းအတွက် ပြန်လည်လျှောက်ထားရာတွင် အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကတ်ပျောက်ခြင်းအတွက် ဆောင်ရွက်ရာတွင် နှစ်သောင်းကျပ် ကျသင့်မည် ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးမှ စုံစမ်းသိရှိရသည်။
Ref : Internet Journal
Labels:
Mobile သတင်းများ
Subscribe to:
Posts (Atom)




