21.1.13

HTC မှ မြန်မာဘာသာ ပါဝင်သော ဖုန်းများဖြင့် ဈေးကွက်ချဲ့ထွင်


TSJ (HTC Butterfly, HTC One X+, HTC One X, HTC Desire X, 

HTC Desire VC and HTC Desire C (၆မျိုး) ကို မြန်မာလို
သုံးနိုင်တော့မည်)ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဆဲလ်ဖုန်းထုတ်လုပ်မှု
 ကမ္ဘာကြီးမှာ မည်သည့် အားသာချက်မျိုးကိုမဆို ကြိုဆိုသင့်ပါတယ်။ 
တစ်မျိုးနဲ့ တစ်မျိုး အားသာချက်တွေများစွာ ရှိတဲ့အထဲမှာမှ ဘာသာစကား
 အထောက်အပံ့ ထည့်သွင်းပေးခြင်းကလည်း အခရာကျတဲ့၊ ကစားပွဲတစ်ခုလုံးကို 
 ပြောင်းလဲနိုင်စွမ်းရှိတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ 













အချို့နေရာမှာ တိုက်ရိုက် မားကတ်တစ်ခုအတွက်လည်း ဖြစ်နိုင်ပါတယ်။ 
ထိုင်ဝမ်မှာ အခြေဆိုက်တဲ့ HTC ဖုံးထုတ်လုပ်သူဟာ ဒါကို ကောင်းမွန်စွာ နားလည်ခဲ့ပါတယ်။ ဘာသာစကား ထောက်ပံ့ခြင်းကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ မိုဘိုင်းမားကတ်မှာ ခြေရာအကြီးကြီး ချနိုင်ဖို့ ဆောင်ရွက်ခဲ့ပြီဖြစ်ပါတယ်။

HTC မှ မြန်မာ ဘာသာစကား Builtin ပါဝင်တဲ့ ဖုန်းကို မြန်မာနိုင်ငံမှာ ဖြန့်ချိဖို့ လုပ်ဆောင်ခဲ့ပြီဖြစ်ပါတယ်။ အခု လက်တလောမှာတော့ မြန်မာနိုင်ငံက Android ဖုန်းတွေမှာ မြန်မာဘာသာစကားကို အသုံးပြုနိုင်ဖို့ Language Pack တွေကို Download လုပ်ယူ၊ Root ဖောက်ပြီး Install လုပ်ယူကြရပါတယ်။ 
Root လုပ်တာကလည်း နည်းပညာကျွမ်းကျင်မှု အနည်းငယ် လိုအပ်တာ ဖြစ်တဲ့အတွက် ခက်ခဲပြီး၊ Operating System ကို ဖောက်ရတာ ဖြစ်တဲ့အတွက် Warranty ကိုလည်း ချိုးဖောက်ရာ ရောက်ပါတယ်။ ထို့အပြင် အက္ခရာတွေကို ဖုန်းမှာ ပေါ်အောင် ကျိုးစားကျတဲ့နေရာမှာလည်း စံစနစ် နှစ်ခုက အပြိုင်ဖြစ်နေတဲ့အတွက်၊ အဲ့ဒီအချက်ကလည်း ဖုန်းအရောင်းနဲ့ လက်ခံအသုံးပြုမှုကို ဟန့်တား နှောက်ယှက်နေတာ တွေရှိပါတယ်။


အစိုးရရဲ့ ထိန်းချုပ်မှုများကြောင့် မြန်မာနိုင်ငံဟာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် ပျံနှံ့မှု အနည်းဆုံးတွေထဲမှာ တစ်နိုင်ငံအဖြစ် ပါဝင်နေပါတယ်။ နိုင်ငံမှာ လူဦးရေ သန်း၆၀ရှိပြီး၊ အသားတင် တစ်ဦးချင်းထုတ်လုပ်မှု အချိုးဟာ $1300 ခန့်ရှိပါတယ်။ လုံခြုံရေး ထိန်းချုပ်မှုများအပြင် SIM Card တစ်ခုရဲ့ ဈေးနှုန်းကလည်း $250ရှိပြီး အရမ်းကို ကြီးမြင့်ပါတယ်။ ဆဲလ်ဖုန်းအသုံးပြုသူ ၁.၂၄သန်းရှိပြီး၊ ဒါဟာ ပြန့်နှံ့မှုအရ ၃ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကြောင့် အာရှမှာ ထုတ်မယူရသေးတဲ့ မားကတ်နဲ့၊ ကြီးထွားနိုင်သေးတဲ့ အလားအလာကောင်းတွေ များစွာရှိနေပါတယ်။ Samsung ဟာ မားကတ်မှာ ပထမဆုံး Android ဖုန်းတွေ မိတ်ဆက်ခဲ့တဲ့ ကုမ္မဏီဖြစ်ပါတယ်။ အဲ့ဒါကြောင့် နောက်ကလိုက်လာမဲ့ ပြိုင်ဘက်အသစ်တွေကို အပျက်ဖြတ်ချန်ထား နိုင်အောင် အခွင့်အရေးကောင်းတွေကို လက်ဦးမှုရယူထားပြီးသား ဖြစ်ပါတယ်။

သို့ပေမဲ့လည်း ဘာသာစကား အခက်အခဲဟာ ဆဲလ်ဖုန်းထုတ်လုပ်သူတွေကို အခက်ကြုံစေပါတယ်။ English လို ပြောတက်တဲ့ လူအနည်းငယ်ရှိပြီး၊ တစ်ခြား အဓိက နိုင်ငံခြားဘာသာစကားများကဲ့သို့ မြန်မာနိုင်ငံက ဖုန်းတွေအတွက် ဘာသာစကားနဲ့ အက္ခရာတွေကို ထည့်သွင်းပေးဖို့ လိုအပ်နေပါတယ်။

အဲ့ဒီ ပြဿနာဟာ HTC ရဲ့ CEO Peter Chou အတွက် အခက်အခဲတော့ မဖြစ်စေပါဘူး။ 
Chou ဟာ မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက် မြန်မာစာပါဝင်တဲ့ ဖုန်းကို မိတ်ဆက်ပေးခြင်းဟာ လုပ်ငန်းကို ကြီးစွာသော အောင်မြင်မှု ရရှိနိုင်မယ်ဆိုတာကို သိထားခဲ့ပြီး ဖြစ်ပါတယ်။ HTC ရဲ့ ချဉ်းကပ်မှုဟာ အဆိုပါ ပြဿနာတွေကို ဖြေရှင်းပေးနိုင်သကဲ့သို့ မားကတ်တင်း လုပ်ရာမှာလည်း အကျိုးကျေးဇူးကြီးမားစွာ ရရှိစေမှာ ဖြစ်ပါတယ်။ ပြည်တွင်း ဖြန့်ဝေသူ၊ Software ထုတ်လုပ်သူတွေနဲ့ ပေါင်းပြီး HTC က Android ကို မြန်မာလို သုံးလို့ရအောင် လုပ်ဆောင်ပေးခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ အသုံးပြုသူတွေဟာ စက်ကို ဘာမှထပ်ပြင်စရာမလိုဘဲ ဆိုင်ကနေ၀ယ်ပြီး တခါတည်း တန်းသုံးနိုင်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာရှိတဲ့ တခြားနိုင်ငံတွေကို တဖြည်းဖြည်းနဲ့ တံခါးဖွင့်ပေးနေပြီ ဖြစ်ပါတယ်။ 
SEA Game ကိုလည်း ဒီဇင်ဘာမှာ လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။ နောက်ဆုံး အကြိမ် လက်ခံကျင်းပခဲ့တာကတော့ ၁၉ ၆၉ ခုနှစ်က ဖြစ်ပါတယ်။ ပြိုင်ပွဲစတင် ကျင်းပမဲ့အချိန်မှာ အသင့်ဖြစ်အောင် ပြောင်းလဲနေမှုတွေထဲမှာ တန်ဖိုးနည်း SIM Card တွေလည်း ပါဝင်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး MPT မှ (၃)လ သက်တန်းရှိတဲ့ $15 တန် SIM ကဒ်တွေကို လေဆိပ်နဲ့ နိုင်ငံဝင်ထွက်ပေါက်တွေမှာ ၀ယ်ယူနိုင်အောင် စီစဉ်ပေးနေပြီ ဖြစ်ပါတယ်။ 
ဇွန်လ ၂၀၁၃ ခုနှစ်မှာ အဆိုပါ ကဒ်တွေကို နိုင်ငံခြားသားတွေအတွက် ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ တန်ဖိုးနည်း ဖုန်းကဒ်တွေကို ပြည်တွင်းမှာ နေထိုင်သူတွေအတွက်လည်း အဲ့ဒီအချိန် မတိုင်မီမှာ ရောင်းချပေး သွားမှာလည်း ဖြစ်ပါတယ်။

တခြား နာမည်ကြီး မိုဘိုင်းဖုန်းတွေနဲ့ telecom အဖွဲ့တွေကလည်း မြန်မာနိုင်ငံရဲ့ မိုဘိုင်းဈေးကွက်ကို ၀င်ရောက်နေကြပြီ ဖြစ်ပါတယ်။ Axiata ဟာ Cambodian ဈေးကွက်ကို ၀င်ရောက်ပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံကိုလဲ ၀င်ရောက်လာတော့မှာ ဖြစ်ပါတယ်။ 
ဗီယက်နမ် မိုဘိုင်းတယ်လီကွန် ဆားဗစ် ကုမ္မဏီ (VMS) ကလည်း မြန်မာနိုင်ငံမှာ ဈေးကွက်ချဲ့ထွင်ဖို့ ကြည့်ရှုနေပြီ ဖြစ်ပါတယ်။ အဆိုပါ များစွာသော Telecom အဖွဲ့တွေထဲမှာ၊ 
HTC ရဲ့ မြန်မာဘာသာနဲ့ Android ဖုန်းတွေဟာ ကုမ္မဏီအတွက်သာမက မြန်မာနိုင်ငံသားတွေအတွက်ပါ
 ရှေ့ကို ခြေတစ်လှမ်းရှေ့ကို ရောက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။



Cread To : Techspace  ဂျာနယ်

No comments: