
မိမိဆီကို
ဝင်လာတဲ့ အ၀င်ဖုန်းမှာ ဖုန်းခေါ်ဆိုသူရဲ့ပုံကို
Screen အပြည့်ဖော်ပေးမယ့်
Application လေးတစ်
ခုတင်ပေးလိုက်ပါတယ်ဗျာ။ အရင်ကတော့ ကျွန်တော်တို့
ဖုန်းကို ဖုန်းဝင်လာပြီဆိုရင် ဖုန်းခေါ်တဲ့သူရဲ့ပုံ ကိုထည့်ထားရင်တော့
ခပ်သေးသေးလေးဘဲမြင်ရပါတယ်။
အခု Full Screen Caller ကတော့ အပြည့်ကို မြင်
ရအောင်ဖော်ပြပေးမှာပါ။ ဒါလေးတင်ဘဲလားဆိုတော့လည်းမဟုတ်သေးပါဘူး
ဖုန်းကိုင်တဲ့ / ဖုန်းချတဲ့ စတိုင်လေးပါပြောင်းသွားတယ်ဗျာ။ ဒါ့အပြင်
အခြားသော Call နဲ့ပတ်သက်တဲ့ Style တော်တော်များများ
ကိုစိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်ဗျာ။ အသေးစိတ်မရှင်းပြတော့ဘူးနော်။
ကိုတိုင်စမ်းပြီး ကလိကြည့်ရင် ဒီထက်ပိုတဲ့ Function တွေကို ရှာတွေ့မှာပါ။
အသုံးပြုရတာလွယ်ပါတယ်။ Android OS 2.1 နှင့်အထက်ဖုန်း များမှာ
အသုံးပြုနိုင်ပါတယ်ဗျာ။
စတိုင်အလန်းလေးတွေကိုတော့အောက်မှာပြပေးလိုက်တယ်နော်။ အဲဒီ
အတိုင်းဖုန်းဝင်ရင်ပေါ်မှာပါဗျာ။ အဲဒီကောင်မလေးတွေကတော့
ဖုန်းခေါ်မှာမဟုတ်ဘူးနော်။
No comments:
Post a Comment