24.8.13

iPhone 5S ကို စက်တင်ဘာ10တွင် မိတ်ဆက်မည်ဟု သတင်းထွက်

AllThingsD.com မှတင်ဆက်သော နောက်ဆုံးရသတင်းများအရ
Apple မှ လာမည့် စက်တင်ဘာ 10 ရက်နေတွင်
သတင်းစာရှင်းလင်းပွဲတခုပြုလုပ်ကာ ၄င်းကောင်းတို့၏
IOS စတစ်သုံး မျိုးဆက်သစ် စမတ်ဖုန်းသစ်ကို
မိတ်ဆက်သွားရန် ရှိနေသည်ဟု သိရှိရပြီး iPhons 5S ဟုခေါ်ဆိုထားကြသည်။




 AllThingsD.com မှာ ယခင်ကတည်းက Apple ၏ iPhone နှင့် iPad ဟောင်းများနှင့်ပတ်သက်သည့် မိတ်ဆက်ပွဲများအကြောင်းကို ခန့်မှန်းလာခဲ့ရာတွင် တိကျမှန်ကန်မှုများ ရှိခဲ့သည့်အတွက် ယခုသတင်းမှာလည်း Apple ကတရားဝင်အတည်မပြုသေးသော်လည်း မှန်ကန်ဖွယ်ရာရှိနေသည်။
သို့ရာတွင် အဆိုပါ သတင်းမှာ သတင်းစာရှင်းပွဲ ပြုလုပ်မည့် နေရာအတိအကျကို ဖော်ပြထားခြင်းမရှိပေ။ပုံမှန်အခြေအနေရ Apple မှာ ၄င်းကောင်းတို့ မိတ်ဆက်ပွဲများကို " ဆန်ဖရန်ဆစ္စကို " ရှိ Moscone Center ဒါမှမဟုတ် " ကယ်လီဖိုးနီးယား " ဌာနချုပ်ရှိ ၄င်းကောင်းတို့၏ ကိုယ်ပိုင် Cupertino နေရာတွင် ကျင်းပမည်ဖြစ်သည်။Apple အနေဖြင့် မည်သည့် iPhone အမျိုးအစားအသစ်ကိုထုတ်လုပ်သည်ဖြစ်စေ သေချာသည့်အချက်မှာ ပြန်လည်ပြုပြင် မွမ်းမံထားသော ios 7 ကိုတစ်ပါတည်း ထည့်သွင်းပေးထားမည်ဖြစ်သည်။အနိမ့်ဆုံးအနေဖြင့် Apple မှာ iPhone အမျိုးအစားသစ် တစ်လုံးကို ပြသမည်ဖြစ်ပီး လက်ရှိတွင် iPhone 5S ဟုခေါ်ဆိုနေကျကာ NFC chip,IGZO display, 2 GB RAM နှင့် အဆင့်မြင့်တင်ပေးထားမည့် 8MP နောက်ကင်မရာတို့ကို အသုံးပြုလာဖွယ်ရှိနေသည်။ နောက်ဆက်တွဲသတင်းများအရ အဆိုပါဖုန်းမှာ ရွှေရောင်အမျိုးအစားကိုပါ ထုတ်လုပ်လာနိုင်သည့်အပြင် နီလာကျောက်သုံး sapphire home button ကိုပါအသုံးပြုဖွယ်ရှိနေသည်။ home button မှာ အနည်းငယ်မို့သော convex ပုံစံမျိုးဖြစ်ကာ sapphire မှာ ကုတ်ခြစ်မှုဒဏ်ခံနိုင်စေရန်နှင့် conves ပုံစံမှာ fingerprint sensor အတွက် နေရာရရှိစေရန်ဖြစ်သည်ဟု သုတေသီတစ်ဦးက ဆိုထားသည်။ Apple မှာ iPhone 5C ဆိုသည့် ပလတ်စတစ် ကိုယ်ထည်သုံး တန်ဖိုးနည်း ဖုန်းကို တစ်ပါတည်း ထုတ်လုပ်ဖော်ပြသွားရန် ရှိနေကြောင်းကိုလဲ အဆိုပါ သတင်းကဖော်ပြသွားခဲ့သည်။။။





Credit To NetGuide


No comments: