24.8.13

LG က G2 ဖုန်းသစ်ကို တရားဝင် မိတ်ဆက်

LG က အကောင်းဆုံးစမတ်ဖုန်းတလုံးဖြစ်သော G2 ဖုန်းအသစ်ကို ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အမေရိကန်နိုင်ငံ နယူယော့ခ်မြို့တွင် သီးသန့်အခမ်းအနားဖြင့် မိတ်ဆက်သွားခဲ့ပီဖြစ်သည်။ အဆိုပါ LG G2 စမတ်ဖုန်းအသစ်မှာ လက်ရှိထုတ်လုပ်ပီးသား ဖုန်းများထဲတွင် အကောင်းဆုံးအဖြစ်စံချိန်တင်လိုက်ပီဖြစ်သလို Samsung & Sony တို့ ကြီးစိုးထားသော ဈေးကွက် ဝေစုကိုပါ ရယူကြိုးပမ်းသွားမယ် ဖြစ်ကြောင်း သိရှိရသည်။





ယခင်ထွက်ပေါ်ခဲ့သော သတင်းများအတိုင်း G2 ဖုန်းသစ်မှာ မျက်နှာပြင် 5.2-inch အရွယ်ရှိ Full HD IPS touchscreen ကို အသုံးပြုထားပီး မျက်နှာပြင် သိပ်သည်းဆမှာ 423ppi ရှိသည့်အတွက် HTC One မှ လွဲလို့ ကျန်စမတ်ဖုန်းများ အားလုံးထက် ppi ပိုမိုသာလွန်မည်ဖြစ်သည်။မျက်နှာပြင်ဘောင်မှာလဲ 2.65mm သာရှိသည့်အတွက် အနားသတ်အစွန်းဘောင်အသေးဆုံးသောရှားပါးစမတ်ဖုန်းများတွင် တစ်လုံးအပါအ၀င်ဖြစ်လာမည်ဖြစ်သည်။ Qualcomm ၏ quad-core 2.26GHz မြန်နှုန်း၇ှိ  Snap-dragon 800 processor နှင့် ပါဝါစား သက်သာသော Graphic RAM တို့ကိုသုံးထားသည့်အတွက် မျက်နှာပြင်ပါဝါသုံးစွဲမှုကို 26% အထိလျှော့ချပေးနိုင်မည်ဖြစ်သည်။ Battery မှာလည်း 3000mAh ပမာဏရှိပီး တနေ့တာအတွက် လုံလောက်စွာ သုံးစွဲစေနိုင်သည်ဟု ဆိုထားပါသည်။ LG G2 ဖုန်း၏ ထူးခြားမှုမှာ ပုံမှန်ဘေးတွင် တပ်ဆင်ထားသော ခလုပ်များကို နောက်ကျောဘက်တွင်ပထမဆုံးတပ်ဆင်ပေးသည့် စမတ်ဖုန်းလဲ ဖြစ်လာခြင်းပင်ဖြစ်သည်။2.1MP ရှေ့ကင်မရာနှင့် 13MP နောက်ကင်မရာ တို့ကိုလည်းထည့်သွင်းပေးထားပီး 2GB RAM နှင့် Android 4.2.2 Jelly Bean တို့ကိုအသုံးပြုပေးထားသည်။ Answer Me, Quicker-mote, Side Aside တို့ကဲ့သို့ features ကောင်းများကိုပါတပါတည်းထည့်သွင်းပေးထားပါသည်။

No comments: